“ဘရာဇီးလ်အသင်းရဲ့ ခြေစမ်းခရီးစဉ်ကို ကျေနပ်အားရကြောင်း ပြောခဲ့တဲ့ နည်းပြ အန်ဆယ်လော့တီ”
07 Oct
ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီ က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းခရီးစဉ်ကို ကျေနပ်အားရကြောင်း ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ သြစတြေးလျနဲ့ အိန္ဒိယကို သွားရောက်ကာ သြစတြေးလျအသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ၊ အိန္ဒိယအသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ သြစတြေးလျ အသင်းနဲ့ ပထမပွဲမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး ဒုတိယပွဲမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရကာ အိန္ဒိယကိုတော့ ၄ ဂိုးပြတ် နဲ့ အနိုင်ရခဲ့ပါတယ်။ အန်ဆယ်လော့တီ က အဆိုပါခြေစမ်းပွဲတွေအတွက် ကစားသမား ၂၆ ဦး ရွေးချယ်ခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပါဝင်ခဲ့တဲ့ ကစားသမားအနည်းငယ်ကိုသာ ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီ က ကစားသမားအားလုံးကို အသုံးပြုခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝ အစပြုခွင့်ရသူ ၈ ဦးအထိ ရှိခဲ့ကြောင်း သိရပါတယ်။(NVS 008)