“ယာမယ် ရဲ့ကစားချိန်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့တဲ့ ဒယ်လာဖွန်တေ”

07 Oct

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေ က ဆယ်ကျော်သက်ကစားသမား ယာမယ် ရဲ့ ကစားချိန် တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ယာမယ် ဟာ အင်္ဂလန်၊ ခရိုအေးရှား၊ ချက်အသင်းတွေနဲ့ ကစားခဲ့တဲ့ Nations League သုံးပွဲမှာ လေးဂိုး သွင်းယူခဲ့ပါတယ်။ ယာမယ် ဟာ စပိန်အသင်း အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပြီး ထိပ်ဆုံးရပ်တည်စေဖို့ အဓိကစွမ်းဆောင် ထားသူလည်းဖြစ်ပါတယ်။ ယာမယ် ဟာ အခုရာသီအစမှာပဲ ကလပ်နဲ့ နိုင်ငံပွဲ ၁၁ ပွဲအထိ ပွဲထွက်ကစားခဲ့ပါတယ်။ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေ က ယာမယ် အပါအဝင် ကစားသမားအားလုံးရဲ့ ပွဲကစားချိန်မိနစ်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)

07 Oct

ADVERTISE HERE .