“အိန္ဒိယလေတပ် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် F-35 တိုက်လေယာဉ်များ ပထမဆုံးအကြိမ်ပါဝင်”

07 Oct

အမေရိကန်၏ F-35 တိုက်လေယာဉ်များသည် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Tarang Shakti 2026 အမည်ရှိ လေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ်ပါဝင်ကြောင်း သိရသည်။ အဆိုပါလေ့ကျင့်မှုကို ပါကစ္စတန်နယ်စပ်အနီး ရာဂျက်စသန်ပြည်နယ် ဂျိုပူမြို့ရှိ အိန္ဒိယလေတပ်စခန်း၌ ပြုလုပ်နေခြင်းဖြစ်သည်။ အမေရိကန်လေတပ်က F-35 တိုက်လေယာဉ်ခြောက်စင်းနှင့် စစ်ဘက်ဝန်ထမ်း ၂၀၀ ကျော်စေလွှတ်ထားပြီး အိန္ဒိယလေတပ်၏ Su-30MKI၊ Rafale နှင့် ပြည်တွင်းထုတ် Tejas တိုက်လေယာဉ်များနှင့်အတူ ပူးတွဲ လေ့ကျင့်မှုများပြုလုပ်နေသည်။ F-35 များသည် အိန္ဒိယနိုင်ငံတွင် လေကြောင်းပြပွဲများ၌ ပါဝင်ခဲ့ဖူးသော်လည်း စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ ပြုလုပ်မည့် Tarang Shakti လေ့ကျင့်မှုတွင် နိုင်ငံရှစ်နိုင်ငံပါဝင်ပြီး နိုင်ငံ ၃၂ နိုင်ငံမှ စစ်ဘက်ကိုယ်စားလှယ်များက လေ့လာသူများအဖြစ် တက်ရောက်သည်။ နိုင်ငံများကြား လေကြောင်းစစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် အဆင့်မြင့်တိုက်လေယာဉ်များ ပူးတွဲအသုံး ပြုနိုင်စွမ်းတို့ကို မြှင့်တင်ရန်ရည်ရွယ်၍ လေ့ကျင့်ခြင်းဖြစ်သည်ဟုသိရသည်။

07 Oct

ADVERTISE HERE .