“ယူကရိန်းနိုင်ငံအတွက် စစ်ရေးနှင့် စွမ်းအင်အကူအညီသစ်ပေးရန် ဂျာမနီနိုင်ငံ ကတိပြု”

06 Oct

ဂျာမနီနိုင်ငံဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ် သည် အောက်တိုဘာလ ၄ ရက်က ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ သွားရောက်လည်ပတ်စဉ် ယူကရိန်းအတွက် ယူရို ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁.၁၃ ဘီလီယံခန့်) တန်ဖိုးရှိ စစ်ရေးအကူအညီ အစီအစဉ်အသစ်ပေးအပ်ရန် ကတိပြုကြောင်း ကြေညာခဲ့သည်။ ဂျာမနီအစိုးရ၏ ထုတ်ပြန်ချက်အရ စစ်ရေးအကူအညီ အစီအစဉ်အသစ်သည် လေကြောင်းရန်ကာကွယ်ရေး စွမ်းဆောင်ရည်များကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျက်အင်ဂျင်တပ်ဒရုန်းများကို ကြားဖြတ်ဟန့်တားရန် ဒုံးလက်နက်များပူးတွဲထုတ်လုပ်ခြင်းလည်း ပါဝင်သည်။ အဆိုပါကဏ္ဍတွင် မကြာသေးမီက ရရှိထားသော နည်းပညာဆိုင်ရာ အောင်မြင်တိုးတက်မှုများသည် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို လျင်မြန်စွာမြှင့်တင်ပေးနိုင်လိမ့်မည်ဟု မက်ဇ် က ပြောကြား ခဲ့သည်။ ယူကရိန်းနိုင်ငံအတွက် တာဝေးပစ်လက်နက်များ၊ ဂြိုဟ်တုနည်းပညာနှင့် တိုက်ခိုက်ရေးဒရုန်းများကိုလည်း ဂျာမနီနိုင်ငံက ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့အပြင် လာမည့်ဆောင်းရာသီမတိုင်မီ ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန်အတွက် ဂျာမနီနိုင်ငံက ယူရို သန်း ၃၅၀ ခန့် (အမေရိကန်ဒေါ်လာ သန်း ၃၉၄ ခန့်) ပံ့ပိုးကူညီပေးမည်ဖြစ်သည်။ ယခုခရီးစဉ်သည် လွန်ခဲ့သည့်နှစ်က မက်ဇ် ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့ပြီးနောက် ကိဗ်မြို့သို့ ဒုတိယအကြိမ် လာရောက်သည့်ခရီးစဉ်ဖြစ်သည်။ (Repost from Xinhua)

06 Oct

ADVERTISE HERE .