“ဒဏ်ရာကြောင့် ဝူဟန်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့တဲ့ ရီဘာကီနာ”

06 Oct

ကမ္ဘာ့အဆင့် (၁) ကာဇက်စတန် တင်းနစ်မယ် ရီဘာကီနာ ဟာ ခြေဖဝါးဒဏ်ရာကြောင့် အခုလတွင် ကျင်းပမယ့် ဝူဟန်အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်နိုင်တော့မှာမဟုတ်ဘူးလို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရီဘာကီနာ ဟာ အောက်တိုဘာလ ၃ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ တရုတ်အိုးပင်း တင်းနစ် အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်မှာ ကမ္ဘာ့အဆင့် (၁၁၈) မှာ ရပ်တည်နေတဲ့ အာမေးနီးယားတင်းနစ်မယ် ချာရီယာဗာ ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပြီး ဝူဟန်အိုးပင်းကို ဝင်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ ပြိုင်ပွဲကျင်းပရေး အဖွဲ့ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲကနေ နုတ်ထွက်လိုက်ရတာကြောင့် စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ ရီဘာကီနာ က ၎င်းရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ဒဏ်ရာကနေ အမြန်ဆုံးပြန်လည် သက်သာဖို့အတွက် လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်သွားဖို့ လိုအပ်တာကြောင့် အခုလို အနားယူဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့လည်း ရီဘာကီနာ က ဖြေရှင်းထားပါတယ်။ ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးဒဏ်ရာက အခုနှစ်ထဲမှာ မကြာခဏဆိုသလို ပြန်ပြန်ဖြစ်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လက စင်စင်နာတီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကနေ ခြေဖဝါးဒဏ်ရာကြောင့် ရီဘာကီနာ ဆက်မပြိုင် နိုင်တော့ဘဲ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

06 Oct

ADVERTISE HERE .