“စကော့ က ပြီးပြည့်စုံတဲ့ကွင်းလယ်ကစားသမားလို့ ချီးကျူးလိုက်တဲ့ နည်းပြ တူချယ်”

06 Oct

အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြ ခဲ့တဲ့ ကွင်းလယ်လူ အဲလက်စ်စကော့ ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားလို့ အင်္ဂလန်နည်းပြ တူချယ် က ချီးကျူး စကားပြောကြားခဲ့ပါတယ်။ ဘုန်းမောက်ကွင်းလယ်လူ စကော့ ဟာ ရီဂျီကာမြို့မှာ ခရိုအေးရှားအသင်းကို ၇ ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့သလို အင်္ဂလန်အသင်းကွင်းလယ်မှာ အန်ဒါဆန် နဲ့အတူ အကောင်းဆုံးတွဲဖက်ပြီး နိုင်ငံတကာအဆင့် ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရတဲ့ပွဲမှာ ကောင်းမွန်တဲ့အစပျိုးမှုကို ပြသနိုင်ခဲ့တာဖြစ်ပြီး ဘောလုံးနဲ့အတူ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း အမြင့်မားဆုံးအဆင့်မှာရှိနေတာကို စကော့ က ပြနိုင်ခဲ့တယ်လို့ အင်္ဂလန်နည်းပြ တူချယ် က ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ စကော့ ဟာ ပွဲအတွင်းမှာ ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်သလို ဘောလုံး မရှိချိန်မှာ အားစိုက်ထုတ် ကစားတတ်သူဖြစ်တာကြောင့် အနာဂတ်အင်္ဂလန်ကွင်းလယ်မှာ အားကိုးရမယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ နည်းပြတူချယ် က သုံးသပ်သွားခဲ့ပါတယ်။

06 Oct

ADVERTISE HERE .