“အာဆီယံယူ-၁၉ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေတဲ့ မြန်မာအမျိုးသမီးဖူဆယ်အသင်း”

06 Oct

မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ ၂၀၂၆ အာဆီယံယူ-၁၉ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်အောင် က တာဝန်ယူကိုင်တွယ်နေပြီး လက်ရှိမှာ ပဏာမကစားသမား ၃၁ ဦး ရွေးချယ်ထားကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ အောက်တိုဘာလ ၄ ရက်ကစပြီး စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ ၂၀၂၆ အာဆီယံယူ-၁၉ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့်ဒီဇင်ဘာအတွင်း ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

06 Oct

ADVERTISE HERE .