“နယ်သာလန်အသင်းအတွက် ပွဲ ၁၀၀ ပြည့်‌မြောက်ခဲ့တဲ့ ဗန်ဒိုက်”

06 Oct

နယ်သာလန်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက် ဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပွဲ ၁၀၀ ပြည့်တဲ့ ၁၁ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဗန်ဒိုက် ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ နယ်သာလန်လက်ရွေးစင်ကစားသမားဘဝကို အစပြုခဲ့ပြီး ၁၁ နှစ်အကြာမှာ ပွဲ ၁၀၀ ပြည့် မြောက်ခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းမှာ ဗန်ဒိုက် မတိုင်ခင် ပွဲ ၁၀၀ ပြည့်ခဲ့သူတွေက ရှနိုက်ဒါ၊ ဗန်ဒါးဆား၊ ဒီပိုင်း၊ ဖရန့်ဒီဘိုးဝါး၊ ဗန်ဒါဗတ်၊ ဘလင်း၊ ဗန်ဘရွန်ခရော့စ်၊ ဒါ့ခ်ကုတ်၊ ဗန်ပါစီနဲ့ ဖိလစ်ကိုကူးတို့ ဖြစ်ပါတယ်။ ဗန်ဒိုက် က နယ်သာလန်အသင်းရဲ့ ၁၁ ဦးမြောက် ပွဲအများဆုံးကစားသမားအဖြစ်သာ ရပ်တည်နိုင်ပေမယ့် အသင်းခေါင်းဆောင် အဖြစ် ပွဲအများဆုံးကစားထားအနေနဲ့ စံချိန်တင်ထားကြောင်း သိရပါတယ်။ ဗန်ဒိုက် ဟာ ဆားဘီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲ ၁၀၀ နှင့် လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ၈၄ ပွဲမြောက် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

06 Oct

ADVERTISE HERE .