“FIFA ASEAN Cup ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ အင်ဒိုနီးရှားအသင်း”
06 Oct
ပထမဆုံးအကြိမ် ကျင်းပတဲ့ FIFA ASEAN Cup ပြိုင်ပွဲမှာ အိမ်ရှင်အင်ဒိုနီးရှားအသင်းက အနိုင်ရဗိုလ်စွဲခဲ့ ပါတယ်။ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ထိုင်းအသင်းတို့ တွေ့ဆုံခဲ့ပြီး အချိန်ပိုမိနစ် ၃၀ အပြီးထိ နှစ်ဂိုးစီ သရေကျ နေလို့ ပယ်နယ်တီကန်ရာမှာ အင်ဒိုနီးရှားအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ထိုင်းအသင်းမှ ပွဲချိန် ၈၁ မိနစ်မှာ မစ်ကယ်လ်ဆင် ဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ လက်ကျန် မိနစ်တွေမှာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ထိုင်းအသင်းကို ၂၀၁၆ ဒီဇင်ဘာလက နောက်ဆုံးအနိုင်ရပြီးနောက် အခုပွဲမှာနိုင်ပွဲထပ်ရခဲ့ပါတယ်။ ဒီကာလအတွင်း ယခင်တွေ့ဆုံမှု ခုနစ်ပွဲမှာ အင်ဒိုနီးရှား အသင်းဟာ သုံးပွဲသရေကျပြီး လေးပွဲ ရှုံးနိမ့်ခဲ့တာဖြစ်တယ်။ တတိယနေရာလုပွဲမှာတော့ မလေးရှားအသင်းက ဗီယက်နမ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့ FIFA ASEAN Challenge Cup ပြိုင်ပွဲမှာ ဟောင်ကောင်အသင်းက ကမ္ဘောဒီးယားအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ (NVS 008)