“လေယာဉ်လက်မှတ်ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး”

06 Oct

လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးဝယ်ခဲ့ရပါက တိကျတဲ့ အထောက်အထားများနဲ့ သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဈေးနှုန်းပိုမိုရောင်းချမှုများနှင့် လိမ်လည်ရောင်းချမှု များကို စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမှာဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) က အသိပေးထားပါတယ်။ လေယာဉ်လက်မှတ်ဝယ်ယူရာတွင် သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးချေခဲ့ရခြင်း သို့မဟုတ် Fake Account များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက ခရီးသည်အမည်၊ လက်မှတ်ဝယ်ယူသည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့တဲ့ဈေးနှုန်းနှင့် ငွေပေးချေမှုအထောက်အထားများအပါအဝင် တိကျခိုင်လုံတဲ့ အထောက်အထားများဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းသို့ တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ Fake Account များ အသုံးပြု၍ လိမ်လည်ရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းပိုမိုရောင်းချခြင်းများကို စုံစမ်းစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း DCA က အသိပေးထားပါတယ်။ (NVS 004)

06 Oct

ADVERTISE HERE .