“ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းအောင်ပွဲ ကျင်းပမည်”
06 Oct
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ သတ္တမအကြိမ် လုံးတော်ပြည့်ရွှေစင်၊ ရွှေသားနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ အထိမ်းအမှတ် နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားတွင် သံဃာတော်အပါး ၉၀၀ ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ သံဃာတော် အပါး ၉၀၀၊ သီလရှင်အပါး ၁၀၀ တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်းများဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပါဝင်လှူဒါန်းလိုသူများအနေနဲ့ စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့သို့ လှူဒါန်းနိုင်တဲ့အပြင် ဖုန်း-၀၉-၇၇၇၈၄၁၄၇၅၊ ၀၉-၄၀၇၈၇၇၁၁၃ နှင့် ၀၉- ၅၃၀၁-၇၁၇ တို့သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။
06 Oct