“သီပေါ-သိမ်ကုန်းဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပါရမီဆွမ်းတော်ကြီး ကပ်လှူပွဲကျင်းပမည်”

06 Oct

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ် ကျောင်းစုကျေးရွာအုပ်စု ဘဏ္ဍာသိမ်ကုန်းသာသနာ့နယ်မြေ၌ ရှေးစော်ဘွား အဆက်ဆက်တို့ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဆုတောင်းပြည့် ရှေးဟောင်းသိမ်ကုန်းဘုရားစေတီတော် မြတ်အား ရှမ်းရိုးရာထုံးတမ်းအစဉ်အလာများနှင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ပါရမီဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာလ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်ကို ဂေါစဂါမ်ရပ်ရွာများဖြစ်သော ကျောင်းစု၊ ရွာသစ်၊ ဇာတ်စု၊ တုံစင့်၊ ညောင်ကိုးပင်၊ နားမုံ အစရှိတဲ့ ကျေးရွာများမှစုပေါင်း၍ ဘဏ္ဍာကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဇာနေယျ ဆရာတော်ကြီး၏ ဦးဆောင်မှုနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၁ ရက်(လပြည့်ကျော် ၁၅ ရက်နေ့)မှာ မြတ်စွာဘုရားကို ဆွမ်းတော်ကြီးဆက်ကပ် လှူဒါန်းမည်ဖြစ်၍ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ ကုသိုလ်ပြုပါဝင်နိုင်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ဖိတ်ကြားထားရှိပါတယ်။ (NVS 004)

06 Oct

ADVERTISE HERE .