“သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ အကြိမ်(၂ဝ)မြောက် မျက်စိအလင်းအလှူ ပြုလုပ်မည်”

06 Oct

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ အကြိမ်(၂၀)မြောက် မျက်စိအလင်းအလှူကို ယခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမျက်စိအလင်းအလှူကို နိုဝင်ဘာလ ၂၄ ရက်တွင် ပြုလုပ်သွားမှာဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာများကို Booking ယူရမယ့်ရက်ကိုလည်း ၁၀ ရက်မတိုင်မီ ကြိုတင်အသိပေး ကြေညာပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် (၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူပွဲကို စက်တင်ဘာလ ၁ ရက်မှ ၇ ရက်အထိပြုလုပ်ခဲ့ပြီး စမ်းသပ်စစ်ဆေးလူနာ ၁,၁၁၁ ဦး၊ ခွဲစိတ်လူနာ ၄၄၄ ဦးနှင့် လေဆာပစ်လူနာ ၅၅ ဦး စုစုပေါင်းလူနာ ၁,၆၁၀ ဦး ရှိခဲ့ပါတယ်။ (၁၉)ကြိမ်မြောက် မျက်စိအလင်းအလှူတွင် ခွဲစိတ်ကုသမှုခံယူထားကြသည့် မျက်စိဝေဒနာရှင် ၅၀၀ ခန့် အား တစ်လပြည့်ပြီးသူများကို မျက်စိအထူးကု ဆရာဝန်ကြီးများက ပြန်လည်စစ်ဆေး ပေးလျက်ရှိပါတယ်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ မျက်စိအလင်းအလှူသည် စတင်ကျင်းပသည့် ပထမအကြိမ်မှ နောက်ဆုံး ပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက်အထိ စမ်းသပ်လူနာ ၂၃,၇၈၃ ဦး၊ ခွဲစိတ်လူနာ ၇,၄၈၉ ဦးနှင့် လေဆာပစ်လူနာ ၄၉၅ ဦး စုစုပေါင်း လူနာ ၃၁,၇၆၇ ဦး လာရောက်ကုသခဲ့ကြောင်း သိရပါတယ်။ (NVS 004)

06 Oct

ADVERTISE HERE .