“အမှန်တကယ် ကောက်ခံရရှိရမည့် အခွန်ငွေများ အပြည့်အဝမှန်မှန် ကန်ကန် ကောက်ခံရရှိနိုင်ရေး နိုင်ငံတော် သမ္မတ မှာကြား”

06 Oct

ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို အောက်တိုဘာလ ၅ ရက်၊ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောခဲ့ရာတွင် အမှန်တကယ် ကောက်ခံရရှိရမည့် အခွန်ငွေများ အပြည့်အဝမှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး နိုင်ငံတော်သမ္မတ က မှာကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက ရငွေအပိုင်းတွင် နိုင်ငံတော်မှ အခွန်အခများ ပိုမိုရရှိစေရေးအတွက် အခွန်ငွေကို တိုးမြှင့် ကောက်ခံခြင်းထက် အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝ မှန်မှန်ကန်ကန် ကောက်ခံရရှိနိုင် ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စီစစ်ဆောင်ရွက်ကာ ကောက်ခံသွားကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘဏ္ဍာငွေ များကို အပြည့်အဝရရှိသုံးစွဲနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ရငွေများကို ပိုမိုတိုးတက်ရရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ မိမိတို့ဒေသ အလိုက် ဒေသ၏အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးအောင်လည်း အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဘဏ္ဍာငွေများသုံးစွဲရာတွင်လည်း နိုင်ငံတော် အတွက် အမှန်တကယ်အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည်နေရာများတွင် အပိုသုံးစွဲမှု မဖြစ်စေ ရေး စနစ်တကျ စိစစ်သုံးစွဲသွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါတယ်။

06 Oct

ADVERTISE HERE .