“တွံတေးမြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မည်”

06 Oct

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အလှူရှင်များ လှူဒါန်းကုသိုလ်ပြုနိုင်ပြီး ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို အောက်တိုဘာလ ၇ ရက်တွင် စေတီတော်ကြီး၏ ရင်ပြင်တန်ဆောင်း၌ ကျင်းပသွားမည်ဖြစ် ကြောင်း သိရပါတယ်။ တွံတေးမြို့ရှိ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ရွှေစင်ရွှေပြား ၉" x ၉" ပတ်လည်တစ်ချပ်လျှင် ငွေကျပ် ၁၀၅ သိန်း၊ ရွှေမျက်ပါးတစ်ဆိုင်းလျှင် ငွေကျပ် ၅၁၀,၀၀၀ ဖြင့် ၂" ပတ်လည်အချပ်ရေ ၁၀၀ ပါဝင် လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ အလှူငွေများ ပါဝင်လှူဒါန်းလိုသူများအနေနဲ့ ဘဏ္ဍာငွေရှာဖွေရေးဥက္ကဋ္ဌ ဦးရွှေဘော် ဖုန်း ၀၉-၆၇၇၅၄၄၆၇၇၊ ဘဏ္ဍာငွေရှာဖွေရေး အတွင်းရေးမှူး ဦးမင်းမင်းဇော် ဖုန်း ၀၉-၅၀၇၉၄၅၂၊ မြန်မာ့စီးပွားရေးဘဏ် တွံတေးမြို့စာရင်း အမှတ် F-347 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

06 Oct

ADVERTISE HERE .