“ယခုနှစ် ဆေးပညာနိုဘယ်ဆုကို အမေရိကန်နှင့် ဂျာမနီသိပ္ပံပညာရှင်များ ပူးတွဲရရှိ”
06 Oct
၂၀၂၆ ခုနှစ် ဆေးပညာနိုဘယ်ဆုကို အမေရိကန်သိပ္ပံပညာရှင် ကားလ်ဒီဆားရော့၊ ဂျာမနီသိပ္ပံပညာရှင် ပီတာပော့ဂျ်မန်း နှင့် ဂျော့နာဂျယ်လ် တို့က ပူးတွဲရရှိခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ မျိုးရိုးဗီဇ အင်ဂျင်နီယာနည်းပညာနှင့် အလင်းနည်းပညာတို့ ပေါင်းစပ်ထားသော အလင်းမျိုးရိုးဗီဇနည်းပညာ (Optogenetic)ဆိုင်ရာ ရှာဖွေတွေ့ရှိချက်များအတွက် အဆိုပါသိပ္ပံပညာရှင်သုံးဦးကို ယခုနှစ် ဆေးပညာနိုဘယ်ဆုရှင် များအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင်နိုင်ငံ ကာရိုလင်စကာအင်စတီကျု ဆေးပညာနိုဘယ်ဆုရွေးချယ်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။ အလင်းမျိုးရိုးဗီဇနည်းပညာကို ကမ္ဘာတစ်ဝန်းရှိ ဓာတ်ခွဲခန်းများ၌ ဦးနှောက်၏လျှို့ဝှက်ချက်များ ဖော်ထုတ်ရေးအတွက် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသိပ္ပံပညာရှင်များသည် ဆေးပညာနိုဘယ်ဆုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကို ခွဲဝေခံစားရမည် ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဆေးပညာနိုဘယ်ဆုကို အမေရိကန်သိပ္ပံပညာရှင် မာရီဘရွန်းကိုး၊ ဖရက်ဒ်ရမ်းစ်ဒဲလ်၊ ဂျပန်သိပ္ပံပညာရှင် ရှီမွန်ဆာကာဂူချီ တို့က ရရှိခဲ့ကြောင်း သိရသည်။