“၁၉၉၂ ခုနှစ်နောက်ပိုင်း ဂိုးအပြတ်ဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ အင်္ဂလန်အသင်း”

05 Oct

UEFA Nations League ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အင်္ဂလန်အသင်းဟာ ခရိုအေးရှားအသင်းကို ၇ ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း ဂိုးအပြတ်ဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုးတွေကို ပွဲချိန် ၈ မိနစ်နှင့် ၅၃ မိနစ်တွေမှာ ဟာရီကိန်း၊ ၄၅ မိနစ် ၆၈ မိနစ်တွေမှာ ဆာကာ၊ ဒါ့အပြင် ဘယ်လင်ဂမ်၊ ဂေါ်ဒွန်နဲ့ ရော်ဂျာစ် တို့က သွင်းယူခဲ့ကြ ပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း အနေနဲ့ ပြက္ခဒိန်တစ်နှစ်တာအတွင်း လက်ရွေးစင်သွင်းဂိုး ၁၀ ဂိုးနဲ့ အထက် သွင်းနိုင်တဲ့အကြိမ်အရေအတွက်က ၃ ကြိမ်အထိ ရှိလာခဲ့ပါတယ်။ ဟာရီကိန်း ဟာ အင်္ဂလန်အသင်းအတွက် ၂၀၁၉ ခုနှစ်မှာ ၁၂ ဂိုး၊ ၂၀၂၁ ခုနှစ်မှာ ၁၆ ဂိုးနဲ့ ၂၀၂၆ ခုနှစ်မှာ ၁၀ ဂိုး သွင်းယူခဲ့တာပါ။ ဒါ့အပြင် ဘယ်လင်ဂမ်အနေနဲ့လည်း ဂိုးပါဝင်ပတ်သက်မှု ၄ ကြိမ်အထိရှိခဲ့ပြီး ၁ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်နောက်ပိုင်း အင်္ဂလန်ကွင်းလယ်ကစားသမားတွေထဲမှာ ဘယ်လင်ဂမ် အနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အင်္ဂလန်အသင်းဟာ အုပ်စုထိပ်ဆုံးက စပိန်အသင်းကို ၃ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ (NVS 008)

05 Oct

ADVERTISE HERE .