“စပိန်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေတဲ့ ယာမယ်”

05 Oct

စပိန်တောင်ပံတိုက်စစ်ကစားသမား ယာမယ် ဟာ UEFA Nations League ပြိုင်ပွဲဖြစ်တဲ့ ချက်အသင်းနဲ့ ပွဲအစမှာပင် သွင်းဂိုး တစ်ဂိုးသွင်းယူခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ပြသနေပါတယ်။ ယာမယ် အနေနဲ့ စပိန်အသင်းအတွက် အဖွင့်ဂိုးကို ၆ မိနစ်မှာ သွင်းယူခဲ့ပြီး ဒီရာသီ UEFA Nations League ၃ ပွဲဆက် အဖွင့်ဂိုးတွေကို သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ယာမယ် အနေနဲ့ စပိန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ဂိုးပါပတ်သက်မှု ၁၉ ကြိမ်အထိရှိခဲ့ပြီး ၁၂ ဂိုးသွင်း ၇ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ယာမယ် ပါဝင်ကစားတဲ့ ၁၁ ပွဲ စလုံးမှာလည်း စပိန်အသင်းအနေနဲ့ ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ယာမယ် ကို ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ယောက်လို့ ညွှန်းဆိုရမှာဖြစ်ပြီး Ballond'Or ဆုအတွက်လည်း ရေပန်းစား နေကြောင်း သိရပါတယ်။ (NVS 008)

05 Oct

ADVERTISE HERE .