“ဘာစီလိုနာအသင်းအတွက် ပြန်ကစားနိုင်တော့မယ် ဒီဂျောင်း”

05 Oct

ကာလရှည်အနားယူနေရတဲ့ ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်း အနေနဲ့ မကြာခင် မှာ အသင်းအတွက် ပြန်လည်ကစားနိုင်တော့မယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဖရန်ကီဒီဂျောင်း ဟာ ဘာစီလိုနာအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး နည်းပြ ဟန်ဆီဖလစ်ရဲ့အသင်းမှာ ပြန်လည်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ဖရန်ကီဒီဂျောင်း အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(၁၆)သင်းအဆင့်ရှုံးထွက်ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနဲ့ နယ်သာလန်တို့တွေ့ဆုံတဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည်အနားယူခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက အေဂျက်စ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒီယွန်းဟာ ကတ်တလန်ကလပ်အတွက် ၂၉၇ ပွဲကစားထားသူ ဖြစ်ပါတယ်။ (NVS 008)

05 Oct

ADVERTISE HERE .