“ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ မြန်မာလက်ရွေးစင် ဟိန်းထွဋ်”

05 Oct

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က ကျင်းပတဲ့ ၂၀၂၆ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကြက်တောင်လက်ရွေးစင်ကစားသမား ဟိန်းထွဋ် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ယူဂန္ဓာအင်တာနေရှင်နယ်မှစီးရီးကြက်တောင်ပြိုင်ပွဲကို ယူဂန္ဓာနိုင်ငံ၊ လူဂိုဂိုမြို့ရှိ လူဂိုဂိုအားကစားရုံမှာ အောက်တိုဘာလ ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမား ဟိန်းထွဋ်ဟာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ၃၂ ဦးအဆင့်ကနေ စတင်ကစားခဲ့ရပြီး ယူဂန္ဓာကစားသမားကို ၂၁- ၁၁၊ ၂၁-၁၀ မှတ်နဲ့ နှစ်ပွဲပြတ်အနိုင်ရခဲ့ပါတယ်။ ဟိန်းထွဋ် ဟာ ၁၆ ဦးအဆင့်မှာ အိန္ဒိယကစားသမားကို ၂၁-၁၈၊ ၂၁-၁၇ မှတ်၊ ကွာတားအဆင့်မှာ တောင်အာဖရိကကစားသမားကို ၂၁-၁၂၊ ၂၁-၆ မှတ်နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဟိန်းထွဋ် ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အိန္ဒိယကစားသမားကို ၁၆-၂၁၊ ၂၁-၁၄၊ ၂၁-၁၀ မှတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဟိန်းထွဋ် ဟာ ဗိုလ်လုပွဲမှာ အီရန်ကစားသမားနဲ့တွေ့ဆုံခဲ့ပြီး ၁၉-၂၁၊ ၂၁- ၁၂၊ ၂၁-၁၃ မှတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဟိန်းထွဋ်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၅ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာလည်း ချန်ပီယံဆု ရရှိထားခဲ့ပါတယ်။ ဒါကြောင့် ဟိန်းထွဋ်ဟာ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီး ကြက်တောင် ပြိုင်ပွဲမှာ ၂ နှစ်တက်တိုက် ဗိုလ်စွဲပြီး ချန်ပီယံဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

05 Oct

ADVERTISE HERE .