“၂၀၂၆ အာရှအားကစားပြိုင်ပွဲ ကျင်းပပြီးစီး”
05 Oct
ဂျပန်နိုင်ငံ၊ အိုင်ချီနဲ့ နာဂိုယာမြို့တွေမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲက ပိတ်ပွဲအခမ်းအနား နဲ့အတူ ကျင်းပပြီးစီးခဲ့ပါတယ်။ မြန်မာအားကစားအဖွဲ့က ရွှေ ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၂ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၂၄ နေရာမှာ ရပ်တည်ခဲ့ ပါတယ်။ မြန်မာအားကစားအဖွဲ့အနေနဲ့ အခုပြိုင်ပွဲမှာ အမျိုးသမီးဘောလုံး၊ ကျွမ်းဘား၊ ပိုက်ကျော်ခြင်း၊ Esports နဲ့ Teqball စတဲ့ အားကစားနည်းငါးမျိုးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Teqball ကနေ ရွှေ ၁ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခု ဆွတ်ခူးခဲ့ပြီး Esports ဖြစ်တဲ့ Mobile Legends: Bang Bang ကနေ ရွှေ ၁ ခု၊ ပိုက်ကျော်ခြင်းကနေ ကြေး ၁ ခု ရရှိခဲ့ပါတယ်။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုဇယားမှာ တရုတ်က ရွှေ ၁၆၉ ခု၊ ငွေ ၈၉ ခု၊ ကြေး ၈၃ ခုနဲ့ စုစုပေါင်း ၃၄၁ ခုရရှိကာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ အိမ်ရှင်ဂျပန်က ရွှေ ၈၃ ခု၊ ငွေ ၉၅ ခု၊ ကြေး ၉၁ ခုနဲ့ ဒုတိယ၊ တောင်ကိုရီးယားက ရွှေ ၃၉ ခု၊ ငွေ ၄၃ ခု၊ ကြေး ၆၈ ခုနဲ့ တတိယရရှိခဲ့ပါတယ်။ (NVS 008)