“ဂျပန်အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်မှုဖြင့် အမေရိကန်မရိန်းစစ်သည်တစ်ဦး အဖမ်းခံရ”
05 Oct
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန်စစ်စခန်းတစ်ခု၌ တာဝန်ထမ်းဆောင်နေသည့် မရိန်းတပ်ဖွဲ့ဝင် တစ်ဦးသည် ဒေသခံအမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်ခဲ့သည်ဟူသော သံသယရှိမှုဖြင့် အောက်တိုဘာလ ၄ ရက်တွင် ဒေသခံရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။ သံသယရှိသူ ဒဲဗင်ဘယ်လာ့သည် အိုကီနာဝါရှိ အမေရိကန်မရိန်းတပ်ဖွဲ့အခြေစိုက်ရာ ဖူတန်မာလေတပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း Kyodo News သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ ၎င်းသည် အသက် ၃၉ နှစ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးနှင့်အတူ နာဟာမြို့ရှိဟိုတယ်တစ်ခုသို့ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ ၃ ရက် နံနက်အစောပိုင်းတွင် ထိုအမျိုးသမီးကို သတ်ဖြတ်ကာ ပိုက်ဆံအိတ်နှင့်ကျောပိုးအိတ်တို့ကိုယူဆောင်သွားသည်ဟု စွပ်စွဲခံထားရသည်။ အမျိုးသမီး၏အလောင်းကို ဟိုတယ်အတွင်းမှတွေ့ရှိပြီးနောက် ဘယ်လာ့ကိုနာဟာမြို့ရှိ ဖျော်ဖြေရေး ရပ်ကွက်တစ်ခုတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေသည်။ ထို့ပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ်ကြီးထံ ထိုကိစ္စ နှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်ကလည်း အမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရာတွင် အမေရိကန်အနေဖြင့် အပြည့်အဝပူးပေါင်းရန်နှင့် အမေရိကန်စစ်သည်များ၏ စည်းကမ်းပိုင်းကို ပိုမို တင်းကျပ်ရန်တောင်းဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။