“ဇာလန်စကီ၏ ခြိမ်းခြောက်မှုအပြီး ယူကရိန်းအပေါ် တိုက်ခိုက်မှုများပိုမိုတိုးမြှင့်မည်ဟု ရုရှားပြော”

05 Oct

ယူကရိန်းသမ္မတဗိုလိုဒိုမာဇာလန်စကီသည် ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံများကို တိုက်ခိုက်မှုများ ဆက်လုပ် မည်ဟု ခြိမ်းခြောက်ပြောဆိုပြီးနောက် ယူကရိန်းနိုင်ငံအတွင်းရှိ စစ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်တွင် သတိပေးလိုက်သည်ဟု သိရသည်။ ဇာလန်စကီ၏ပြောဆိုချက်ကို မှတ်သားထား သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဆိုကာ ရုရှားတပ်ဖွဲ့များအနေဖြင့် ယူကရိန်းနိုင်ငံ ကိယက်ဖ်မြို့နှင့် အခြားဒေသများရှိ စစ်ရေးနှင့်စစ်ဘက်စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ၊ ဆက်စပ်နေသည့် အခြေခံ အဆောက်အဦများကို တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်သွားမည်ဟုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရုရှားဘက်က ယခု လုပ်ဆောင်နေသော တိုက်ခိုက်မှုများသည် ယူကရိန်း၏ရုရှားနိုင်ငံအတွင်း ရေနံချက်စက်ရုံများနှင့်အခြေခံ အဆောက်အဦများကို တိုက်ခိုက်ခဲ့မှုများအတွက် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ယူကရိန်းဘက်က ရုရှားနိုင်ငံရှိ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်သည်သာမက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကိုလည်း အနှောင့်အယှက်ပေးရန် ကြိုးပမ်းကြောင်း ရုရှားက စွပ်စွဲထားသည်။ အလားတူ ရုရှား စစ်ဘက်သည် ယူကရိန်းနိုင်ငံ ကိယက်ဖ်မြို့ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည့်အတွက် သံတမန်များနှင့်နိုင်ငံခြားသားများအနေဖြင့် ထိုမြို့မှအမြန်ဆုံး ထွက်ခွာသွားရန်လည်း သတိပေးထားသည်။ ရေနံ ချက် စက်ရုံများ၊ အခြေခံအဆောက်အဦများ တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံ့စီးပွားရေးအပေါ်ထိခိုက်မှုမှာ GDP ၏ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ဝန်ခံထားသော်လည်း ပျက်စီးသွားသည့် စက်ရုံများကို လျင်မြန်စွာပြန်လည်ပြုပြင်နေပြီး နိုင်ငံ၏စွမ်းအင်စနစ်တွင် အရန်စွမ်းအင်များ လုံလောက်စွာရှိနေကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Oct

ADVERTISE HERE .