“ထိုင်းနိုင်ငံသို့ အခွန်လွတ်တင်ပို့ခွင့်ကာလ ပြီးဆုံးသွားသော်လည်း ပြောင်းဈေး အမြင့်ဈေးမှာ တည်ငြိမ်နေ”

05 Oct

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်တင်ပို့ခွင့်ကာလ ပြီးဆုံးသွားပေမယ့် ပြောင်းဈေးက အမြင့်ဈေးမှာ တည်ငြိမ် နေကြောင်း ပြောင်းကုန်သည်များထံမှ သိရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့ပြောင်းတင်ပို့ခွင့်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်နဲ့ နှစ်စဉ်တင်ပို့ခွင့်ပြုထားရာက လက်ရှိတွင် တင်ပို့ခွင့်ပြီးသွားပြီဖြစ်ပေမယ့် စက်တင်ဘာလ နောက်ဆုံးပတ်မှာ ပြောင်းဈေးကွက်ဟာ အမြင့်ဈေးမှာငြိမ်နေပါတယ်။ လက်ရှိ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် ပေါက်ဈေးအနေနဲ့ ပြောင်းတစ်ပိဿာလျှင် ၁,၄၈၀ ကျပ်၊ ၁,၇၈၀ ကျပ်နှင့် ၁,၈၀၀ ကျပ်ဝန်းကျင်အထိ အမြင့်ပိုင်းတွင် ဈေးငြိမ်နေတာဖြစ်ပါတယ်။ ပြောင်းကုန်သည်အချို့အနေနဲ့ ထိုင်းနိုင်ငံသို့ တင်ပို့ခွင့်မပိတ်ခင်ကတည်း အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားတဲ့အတွက် ဈေးကွက်အတွင်းဈေးနှုန်းများ ပြန်လည်ကျဆင်းသွားဖို့ မရှိကြောင်း သိရပါတယ်။

05 Oct

ADVERTISE HERE .