“ပူတာအိုမြို့မဈေးကို မြို့ကျက်သရေဆောင်ဈေးအဖြစ် အဆင့်မြှင့်တင်မည်”

05 Oct

ကချင်ပြည်နယ် ပူတာအိုမြို့မဈေးကို မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ကျက်သရေဆောင်ဈေးအဖြစ် အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ပြီး ဈေးသူ၊ ဈေးသားများ၏ အများဆန္ဒသဘောထားနှင့်အညီ အကောင်အထည်ဖော်သွား မယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင် က ဈေးကော်မတီဝင် များ၊ ဈေးသူ/ဈေးသားများနှင့် အောက်တိုဘာလ ၂ ရက်မှာ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင် က မြို့မဈေးကို အဆင့်မြှင့်တင်ပြီးစီးပါက ဈေးသူ၊ ဈေးသားများအနေနဲ့ အဆင့်မြင့်၍ လုံခြုံသန့်ရှင်းတဲ့ ဈေးအတွင်း ရောင်းဝယ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး ကုန်ကျစရိတ် သက်သာစေရန် တွက်ချက်စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဈေးအဆင့်မြှင့်တင်ရေးလုပ်ငန်းကို အများဆန္ဒသဘောထားနှင့်အညီ ဆောင်ရွက်မှာဖြစ်လို့ ဈေးသူ၊ ဈေးသားများအနေနဲ့ သိရှိလိုတဲ့အချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန် တိုက်တွန်းခဲ့ ပါတယ်။ စအဲဒီနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြို့မဈေးအဆင့်မြှင့်တင် တည်ဆောက် မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာတဲ့ ဈေးကော်မတီဝင်များနှင့် ဈေးသူ၊ ဈေးသားများက အဆင့်မြှင့်တင်တည်ဆောက်ရေးအတွက် တစ်ဦးချင်းသဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။

05 Oct

ADVERTISE HERE .