“တနင်္သာရီတိုင်းဒေသကြီးရေဘေးသင့်ခဲ့သူများအနက် လူဦးရေ ၆,၀၀၀ ခန့် နေအိမ်များသို့ ပြန်လည်နေထိုင်”

05 Oct

တနင်္သာရီတိုင်းဒေသကြီးမှာ စက်တင်ဘာလ ၂၆ ရက်မှစတင်ကာ မုန်တိုင်းတိုက်ခတ်မှု၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် လူဦးရေ ၂၃,၈၇၄ ဦး ရေဘေးသင့်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ရေများပြန်လည်ကျဆင်းသွားကာ တင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ နုန်းများ၊ ရွှံ့နွံများကို ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနဲ့ ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ခဲ့သူများအနက် ၅,၈၇၄ ဦးမှာ ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ မြင့်တက်ခြင်းတို့ကြောင့် တောင်ပြိုကျမှုလည်းဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်မှာ တောင်ပြိုကျခဲ့တဲ့ နေရာ ၄ ခုကို ဖယ်ရှား ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ၈၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဥ်များမှာ သေဆုံးသူ ၁၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့ပြီး လမ်းပိုင်းအချို့ရှိ လျှပ်စစ်ဓာတ်အားပေးတိုင် ၅၁ တိုင်ပျက်စီးခဲ့ရာ ၂၄ တိုင်ကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

05 Oct

ADVERTISE HERE .