“မန်ယူနှင့် လီဗာပူးလ်အသင်းတို့က ကီဗင်ရှိတ်ဒ် ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စား”
04 Oct
ပရီးမီးယားလိဂ်ကလပ် အသင်းများဖြစ်တဲ့ မန်ယူနှင့် လီဗာပူးအသင်းတို့က ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူး ကီဗင်ရှိတ်ဒ် ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး ကီဗင်ရှိတ်ဒ် ဟာ ဘရန့်ဖို့ဒ်အသင်းနှင့်အတူ ၂ဝ၂၂-၂ဝ၂၃ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၁၈ ပွဲကစားပြီး ၂၅ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ကလပ် အသင်းများက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းကလည်း ကီဗင်ရှိတ်ဒ် အတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။(NVS 008)
04 Oct