“ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို အိုလီဆီ ဆွတ်ခူး”
04 Oct
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဘိုင်ယန် မြူးနစ်အသင်း တိုက်စစ်ကစားသမား အိုလီဆီ က အသင်းဖော် ဟယ်ရီကိန်း ကိုကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အိုလီဆီ အနေနဲ့ စက်တင်ဘာလအတွင်း ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ပါဝင်ကစားခဲ့သည့် ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ယူနီယံဘာလင်အသင်းကို ၇ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် အသင်းအတွက် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်းကစားခဲ့သည့် ရှော်လ်ကေး၊ အယ်ဗာဘတ်ချ်၊ ယူနီယံဘာလင်အသင်း တို့နှင့် ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းဖော် တိုက်စစ်မှူး ဟယ်ရီကိန်း ကိုပါကျော်ဖြတ်ပြီး တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)