“ဂါနာအသင်းက နည်းပြ ကွီးရော့ဇ် အား ရာထူးမှထုတ်ပယ်”

04 Oct

ဂါနာအသင်းက အာဖရိကဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် အုပ်စုနှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက် အသင်းနည်းပြ ကွီးရော့ဇ် အား ရာထူးမှထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် နည်းပြ ကွီးရော့ဇ် အနေနဲ့ ဂါနာအသင်းကို ယခုနှစ်ဧပြီလက စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိဘဲ ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပါတယ်။ ထို့အတူ အာဖရိကဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင်လည်း ရလဒ်များဆိုးရွားနေပြီး အိုင်ဗရီကို့စ်၊ ဂမ်ဘီယာ အသင်းတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် စာချုပ်သက်တမ်းမကုန်ဆုံးမီ အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရ ခြင်းဖြစ်ပါတယ်။ နည်းပြ ကွီးရော့ဇ် အနေနဲ့ ဂါနာအသင်းကို ပြိုင်ပွဲစုံရှစ်ပွဲသာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး တစ်ပွဲအနိုင်၊ နှစ်ပွဲသရေနှင့် ငါးပွဲရှုံးနိမ့်ခဲ့ပါတယ်။(NVS 008)

04 Oct

ADVERTISE HERE .