“ပရီးမီးယားလိဂ်ပြိုင်ပွဲ စက်တင်ဘာလအတွက် အကောင်းဆုံးဆုများကို ဘရိုက်တန်အသင်းမှ နည်းပြ ဟူဇီလာ၊ ဂရော့ဗ်၊ လူးဝစ်ဒန့်ခ် တို့ဆွတ်ခူး”
04 Oct
ပရီးမီးယားလိဂ်ပြိုင်ပွဲ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးဆုများကို ဘရိုက်တန်အသင်းမှ နည်းပြ ဟူဇီလာ၊ ဂရော့ဗ် နှင့် လူးဝစ်ဒန့်ခ် တို့ ဆွတ်ခူးခဲ့ကြောင်း BR Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ နည်းပြ ဟူဇီလာ က စက်တင်ဘာလအတွင်းမှာ ဘရိုက်တန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် သုံးပွဲတွင် လိဒ်အသင်းနှင့်သာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ကိုဗင်ထရီ၊ အာဆင်နယ်အသင်းတို့ကို ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့အတူ ဂရော့ဗ် က ဘရိုက်တန်အသင်းနှင့် စက်တင်ဘာလအတွင်း ကစားခဲ့သည့်ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြသခဲ့ကာ ကိုဗင်ထရီအသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုနှစ်ကြိမ်၊ အာဆင်နယ် အသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာလအတွက် တစ်လ တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ ခံစစ်ကစားသမား လူးဝစ်ဖန့်ခ် ကတော့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံး သွင်းဂိုးဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)