“ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံ”
04 Octမန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း မန္တလေးငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများနှင့် ရှေးဟောင်းမြို့ရိုး ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး(အနောက်တောင်ထောင့်မှ ရန်နှိမ်တံခါးပေါက်အထိ) Phase 1 ပြန်လည် ဖော်ထုတ်ခြင်းလုပ်ငန်းနှင့် အတွင်းနန်းတော် တံခါးနီ တံခါးပေါက်နေရာ တူးဖော်သုတေသနပြုလုပ်ငန်း ဆောင်ရွက် နေမှုကို အောက်တိုဘာလ ၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် အင်းဝရှေးဟောင်း သုတေသနပြတိုက်ရှိ ပြခန်းနှင့် ပြသထားသည့်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကာ အင်းဝ မြို့ဟောင်းရှိ လောကသရဖူဘုရားကြီးတွင် မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။(NVS 008)