“စက်တင်ဘာလအတွက် စပိန်လာလီဂါ အကောင်းဆုံးလူငယ်ကစားသမားဆုကို ဇာဘီရီ ဆွတ်ခူး”

03 Oct

စပိန်လာလီဂါမှ လစဉ်ပေးအပ်ချီးမြှင့်လျက်ရှိတဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံး လူငယ် ကစားသမားဆုကို ရေးဆင်းအသင်းတိုက်စစ်မှူး ဇာဘီရီ က ဆွတ်ခူးရရှိခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှုး ဇာဘီရီ က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေးဆင်းအသင်းနှင့်အတူ စပိန်လာလီဂါပွဲစဉ် လေးပွဲကစားပြီး သုံးဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် တစ်လတာအကောင်းဆုံး လူငယ် ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ စပိန်လာလီဂါက အကောင်းဆုံးလူငယ်ကစားသမားဆုကို အသက် ၂၃ နှစ်အောက် ကစားသမားများထဲမှ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဇာဘီရီ ဟာ ရေးဆင်းအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ခြောက်ပွဲကစားပြီး ခြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။(NVS 008)

03 Oct

ADVERTISE HERE .