“နာပိုလီအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တဲ့ တွမ်မီနေး”

03 Oct

နှလုံးအသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလ တစ်လလုံးနီးပါး အနားယူနေခဲ့ရတဲ့ ကွင်းလယ် ကစားသမား တွမ်မီနေး ဟာ နာပိုလီအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် တွမ်မီနေး ဟာ ဩဂုတ်လ ၃၀ ရက်မှာ ကစားခဲ့တဲ့ ကိုမိုအသင်းနဲ့ပွဲစဉ်မှာ နာပိုလီအသင်းအတွက် နောက်ဆုံးဝင်ရောက် ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၈ ရက်မှာတော့ တွမ်မီနေး ဟာ နှလုံးအသေးစားခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကြံ့ခိုင်မှုအတွက် လေ့ကျင့်မှုတွေ အပြည့်အဝပြန်လည်ပြုလုပ်ခဲ့တဲ့ တွမ်မီနေး ဟာ အခုတစ်ပတ်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်မှုတွေမှာ ပူးပေါင်းပါဝင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပွဲကစားခွင့် ပြန်ရဖို့အတွက်တော့ တွမ်မီနေး အနေနဲ့ သူ့ရဲ့နှလုံးအခြေအနေကို အီတလီစီးရီးအေရဲ့ ဆရာဝန်တွေဆီမှာ ဆေးစစ်မှုတွေ ခံယူရဦးမှာဖြစ်ပြီး ဆရာဝန်တွေဆီကနေ ခွင့်ပြုချက်ရမှသာ ပွဲကစားခွင့်ရမှာဖြစ်ပါတယ်။(NVS 008)

03 Oct

ADVERTISE HERE .