“မြန်မာ့ Esports သမိုင်းတစ်လျှောက် ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တဲ့ Team Zanaka”
03 Oct
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ (၂၀)ကြိမ်မြောက် Aichi-Nagoya 2026 အာရှအားကစားပြိုင်ပွဲမှာ မြန်မာ အီလက် ထရောနစ်အားကစားအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာလက်ရွေးစင် Team Zanaka အသင်းက MLBB (Mobile Legends: Bang Bang) ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ MLBB Grand Finals ပွဲစဉ်မှာ မြန်မာလက်ရွေးစင် Team Zanaka အသင်းက အင်ဒိုနီးရှားအသင်းကို ၄ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုရရှိခဲ့တဲ့ ရွှေတံဆိပ်ဆုက မြန်မာ့ Esports သမိုင်းတစ်လျှောက် Asian Games ပြိုင်ပွဲတွင် ပထမဆုံးရရှိတဲ့ ရွှေတံဆိပ်ဆုဖြစ်ပြီး မြန်မာ့အီလက်ထရောနစ် အားကစားကဏ္ဍအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။(NVS 008)
03 Oct