“ပခုံးအရွတ်ဒဏ်ရာကြောင့် အနားယူရမယ့် ဂျိုရှုအာဗန်”
03 Oct
UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှုအာဗန် က ပန်တိုဂျာ နှင့် ချန်ပီယံခါးပတ်ကာကွယ်ပွဲမတိုင်မီ လေ့ကျင့်ရေး ကာလအတွင်းရရှိခဲ့တဲ့ ပခုံးအရွတ်ပြဲဒဏ်ရာကြောင့် အနားယူရမည်ဖြစ်ပြီး ပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်နိုင်ရန် အချိန်ယူရ ဖွယ်ရှိကြောင်း သိရပါတယ်။ ၎င်းပခုံးဒဏ်ရာကို ပန်တိုဂျာ နှင့်ပွဲပြီးမှ MRI ရိုက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးချက်များအရ ဒဏ်ရာ အခြေအနေမှာ ပြင်းထန်ကြောင်း ဂျိုရှုအာဗန် က မြန်မာမီဒီယာများနှင့်တွေ့ဆုံရာမှာ အသိပေးခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အနည်းဆုံးတစ်လခန့် အနားယူရနိုင်ပြီး ပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်နိုင်မည့်အချိန်မှာ လာမည့်နှစ်လယ်ပိုင်းအထိ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း ဂျိုရှုအာဗန် က ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျိုရှုအာဗန် က UFC တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပထမဆုံးကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သူဖြစ်ပြီး ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို နှစ်ကြိမ်တိုင် ကာကွယ်ထားနိုင်သူလည်း ဖြစ်ပါတယ်။(NVS 008)