“စူပါအယ်လ်နီညိုဖြစ်စဉ်အတွက် ရန်ကုန်မြို့ရေပေးဝေရေးစနစ် ကြိုတင်ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ”
03 Octစူပါအယ်လ်နီညိုဖြစ်စဉ်အတွက် ရန်ကုန်မြို့ရေပေးဝေရေးစနစ် ကြိုတင်ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။ အစည်းအဝေးကို ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းအသီးသီးက သတိပေးထားသည့် စူပါအယ်လ်နီညိုဖြစ်စဉ် အတွက် ရန်ကုန်မြို့ ရေပေးဝေရေးစနစ် ကြိုတင်ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး ရန်ကုန်မြို့၏ ရေပေး ဝေရေးစနစ်ကို ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့မှုဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းအရာများအား ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ထို့နောက် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ဌာနမှ တာဝန်ရှိသူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းအသီးသီးမှ ကျွမ်းကျင်ပညာရှင်များက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာများအား အကြံပြုဆွေးနွေး ခဲ့ပါတယ်။ အစည်းအဝေးကရရှိလာသည့် အကြံပြုချက်များကို အခြေခံပြီး ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ၏ အစီအစဉ် များ၊ မူဝါဒဆိုင်ရာများကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)