“တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ”

03 Oct

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်-၃(၂၀၂၅)အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ရန်လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်ကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂ ရက် မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိ သူများ၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr.Choomjet Karnjanakesorn နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန် နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး APTERR အတွင်းရေးမှူး ချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr.Choomjet Karnjanakesorn နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော် တို့က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်-၃(၂ဝ၂၅)အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်ကို ဝန်ကြီးချုပ်ထံသို့ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာက ရေဘေးသင့် ပြည်သူတစ်ဦးထံသို့လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာထံသို့ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ရေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဆိုပါ လှူဒါန်းသောဆန် ၁၆၃ ဒသမ ၈၇၇ တန် (50Kg အိတ် ၃,၂၇၇ အိတ်)ကို ခရိုင်၊ မြို့နယ်များမှတစ်ဆင့် စနစ်တကျ ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

03 Oct

ADVERTISE HERE .