“ရေနံဈေးနှုန်းများ ၂ ရာခိုင်နှုန်းကျော် ကျဆင်း”

03 Oct

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အရန်ဒီဇယ်နှင့် ရေနံစိမ်းများကို ထပ်မံထုတ်ပေးနိုင်စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အောက်တိုဘာလ ၂ ရက်တွင် ကမ္ဘာ့ ရေနံဈေးနှုန်းများမှာ ၂ ရာခိုင်နှုန်း ကျော်ကျဆင်းလာကြောင်း သိရသည်။ ယင်းအခြေအနေကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်၌ ရောင်းလိုအားအပေါ် စိုးရိမ်နေမှုအချို့မှာ လျော့ကျ လာသည့်အတွက် ယခုကဲ့သို့ စွမ်းအင်ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။ လန်ဒန်ဈေးကွက်တွင် Brent ရေနံစိမ်းဈေးသည် တစ်စည်လျှင် ၂ ဒသမ ၈၃ ဒေါ်လာ သို့မဟုတ် ၂ ဒသမ ၇၇ ရာခိုင်နှုန်းကျဆင်းပြီး ၉၉ ဒသမ ၄၈ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ အမေရိကန် WTI ရေနံစိမ်းဈေးမှာလည်း ၃ ဒသမ ၆၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်လျှင် ၈၉ ဒသမ ၅၂ ဒေါ်လာ ဖြစ်လာသည်။ ဥရောပဒေသတွင် ဒီဇယ်အတွက် အဓိကစံညွှန်းတစ်ခုဖြစ်သည့် Gasoil အနာဂတ်ဈေးနှုန်းမှာလည်း ၅ ရာခိုင်နှုန်းကျော်ကျဆင်းပြီး ၁ မက်ထရစ်တန်လျှင် ၁,၃၇၇ ဒေါ်လာခန့်ရှိလာသည်။

03 Oct

ADVERTISE HERE .