“စက်တင်ဘာလအတွက် လာလီဂါအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ ဇာဘီရီ”

02 Oct

စက်တင်ဘာလအတွက် လာလီဂါအကောင်းဆုံးလူငယ်ကစားသမားဆုကို ရေးဆင်းအသင်းတိုက်စစ်မှူး ဇာဘီရီ ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဇာဘီရီ ဟာ ပြင်သစ်ကလပ် ရန်းစ်အသင်းကနေ ရေးဆင်းအသင်းကို အငှားနဲ့ လာရောက်ကစားနေသူ ဖြစ်ပါတယ်။ လာလီဂါအကောင်းဆုံးလူငယ်ကစားသမားဆုက အသက် ၂၃ နှစ်အောက် ကစားသမားတွေထဲက ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ ဇာဘီရီ ဟာ ဒီရာသီမှာ ရေးဆင်းအသင်းအတွက် ၆ ပွဲ ကစားပြီး ၆ ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .