“ဂျာမနီနည်းပြဘဝ ပထမဆုံးနိုင်ပွဲကို ရယူခဲ့တဲ့ ယာဂင်ကလော့ပ်”

02 Oct

ဂျာမနီနည်းပြ ယာဂင်ကလော့ပ် အနေနဲ့ လက်ရွေးစင်နည်းပြဘဝ ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ယာဂင်ကလော့ပ် ဟာ နယ်သာလန်အသင်းကို သရေ၊ ဂရိအသင်းကို ရှုံးခဲ့ပေမယ့် ၃ ပွဲမြောက်အဖြစ်ကစားတဲ့ ဆားဘီးယားနဲ့ပွဲမှာတော့ ဂျာမနီအသင်းအတွက် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းအတွက် အနိုင်ဂိုးတွေကို ၃၉၊ ၆၁ မိနစ်တွေမှာ ဘစ်ချော့ နဲ့ ဖလော်ရီယန်ဗက်ဇ် တို့က သွင်းယူခဲ့ပါတယ်။ ဖလော်ရီယန်ဗက်ဇ် ကတော့ လက်ရွေးစင်အသင်းအတွက် ၁၂ ဂိုးမြောက်သွင်းဂိုးကိုရယူခဲ့ပြီး အသက် ၂၁ နှစ်၊ ၃၇ ရက်နဲ့ ဂျာမနီကစားသမားဘဝတစ်လျှောက် စွမ်းဆောင်ရည်ကောင်းပြနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .