“အခုရာသီကုန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိတဲ့ ဂျရူး”

02 Oct

ပြင်သစ်တိုက်စစ်မှူး ဂျရူး က ရာသီကုန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဂျရူး ဟာ အသက် ၄၀ ရှိပြီဖြစ်ပြီး လက်ရှိ လိုင်လီ အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ ဂျရူး က ချဲလ်ဆီးနဲ့ အေစီမီလန်အသင်းတွေမှာလည်း ကစားခဲ့သူဖြစ်ပြီး ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလား၊ အေစီမီလန်နဲ့ စီးရီးအေချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူပါ။ ဒါပေမယ့် အာဆင်နယ်အသင်းမှာ ပြိုင်ပွဲစုံ ၂၅၃ ပွဲနဲ့ ပွဲအများဆုံးကစားခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်း အတွက် ၁၃၇ ပွဲကစားပြီး ၅၇ ဂိုး သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ လိုင်လီအသင်းနဲ့ တစ်နှစ်သက်တမ်း တိုးခဲ့တာဖြစ်ပြီး သက်တမ်းကုန်ချိန်မှာ ကစားသမားဘဝက အနားယူဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .