“ပေါ်တိုအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ စမောလင်း”

02 Oct

မန်ယူအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အင်္ဂလန်နောက်ခံလူ စမောလင်း ဟာ ပေါ်တိုအသင်းနဲ့ ရာသီကုန် အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ စမောလင်း ဟာ မန်ယူအသင်းမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဆယ်စုနှစ် တစ်ခုကြာ ကစားခဲ့သူဖြစ်ပြီး ဖူလ်ဟမ်အသင်းနဲ့ ရိုးမားအသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။ စမောလင်း ဟာ ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အထိ ဆော်ဒီကလပ် အယ်လ်ဖေဟာအသင်းမှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ လမ်းခွဲခဲ့ ပြီးနောက် ပေါ်တိုအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုအသင်းနဲ့ ရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီချက် ပါဝင်ကြောင်း သိရပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .