“အဲဗာတန်အသင်းက ဂိုးသမား ပစ်ဖို့ဒ် ကို ဆက်လက်ထိန်းသိမ်းထားရန်စီစဉ်”
02 Oct
ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂိုးသမား ပစ်ဖို့ဒ် ကို အဲဗာတန်အသင်းအနေနဲ့ ဆက်လက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမားဖြစ်တဲ့ ပစ်ဖို့ဒ် ကို ဘိုင်ယန်မြူးနစ်အသင်းက အခုတစ်ပတ် အတွင်းမှာ ချိတ်ဆက်မှုပြုလုပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားတွေကို ပိုမိုခေါ်ယူလာတဲ့ ဘိုင်ယန်မြူးနစ် အသင်းက ပစ်ဖို့ဒ် ကို ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်လာခြင်းဖြစ်ပါတယ်။ ပစ်ဖို့ဒ် က အဲဗာတန်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအသင်းမှာ ပျော်ရွှင်နေတာကြောင့် စာချုပ်သက်တမ်းမပြည့်ခင် လမ်းခွဲဖွယ် မရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ပစ်ဖို့ဒ် ဟာ ၂၀၁၇ နွေရာသီမှာ ဆန်းဒါးလန်းကနေ အဲဗာတန် အသင်းကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအသင်းအတွက် ပြိုင်ပွဲစုံ ၃၆၅ ပွဲ ကစားပေးထားပါတယ်။ (NVS 008)