“ထားဝယ်ရေဘေးရှောင်စခန်း ၇ ခုမှ အိမ်ထောင်စု ၁၁၁ စုကို အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့”

02 Oct

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်နေရတဲ့ အိမ်ထောင်စု ၁၁၁ စုကို တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခြင်ထောင်များထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေ သိရပါတယ်။ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ ထားဝယ်မြို့နယ်ရှိ ရေဘေးရှောင်စခန်း ၇ ခုမှ အိမ်ထောင်စုများကို စက်တင်ဘာလ ၂၉ ရက်မှာ သွားရောက် ထောက်ပံ့ ခဲ့ခြင်းဖြစ်ပါတယ်။ ထောက်ပံ့မှုအနေနဲ့ အိမ်ထောင်စု ၁၁၁ စုအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၁၁၁ စုံနှင့် ခြင်ထောင် ၁၁၁ လုံးကို တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက ရေဘေးရှောင်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးဝေခဲ့ကြောင်း သိရပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .