“(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မြန်မာ့ဆန်အမျိုးအစား ၃၀ ခန့် ပြသ”

02 Oct

တရုတ်နိုင်ငံ နန်နင်းမြို့မှာ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ(CAEXPO)မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အသင်းဝင်ကုမ္ပဏီများ ပူးပေါင်း၍ မြန်မာ့ ဆန်စပါးပြခန်းဖွင့်လှစ်ပြသခဲ့ပြီး တရုတ်နိုင်ငံမှ မိတ်ဖက်လုပ်ငန်းများနှင့် နားလည်မှုစာချွန်လွှာ(MOU)၅ ခု လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ဆန်စပါးပြခန်းမှာ မြန်မာ့ပေါ်ဆန်းဆန်၊ အထူးဧည့်မထဆန်၊ ဧည့်မထဆန်၊ ငစိန်နှင့် ရာကျော်ဆန်တို့ အပါအဝင် ဆန်အမျိုးအစား ၃၀ ခန့်နှင့် ဆန်ကိုအခြေခံထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Products) များကို ပြသခဲ့ပါတယ်။ ပြပွဲကာလအတွင်း တရုတ်နိုင်ငံမှ ဆန်စပါးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် လေ့လာသူများက မြန်မာ့ဆန်စပါး ပြခန်းသို့ နေ့စဉ်လာရောက်လေ့လာခဲ့ကြပြီး မြန်မာ့ဆန်အမျိုးအစားများ၏ အရည်အသွေးနှင့် ဈေးနှုန်း၊ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် ဆန်အမျိုးအစားများနှင့် ဆန်အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များအကြောင်း မေးမြန်းလေ့လာခဲ့ ကြကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသင်းဝင်ကုမ္ပဏီ သုံးခုက သက်ဆိုင်ရာကဏ္ဍများအလိုက် တရုတ်နိုင်ငံမှ မိတ်ဖက်လုပ်ငန်းများနှင့် MOU ၅ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း အသင်းချုပ်က ထုတ်ပြန်ထားပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .