“အောက်တိုဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော ၅၆ စင်း ဝင်ရောက်ဆိုက်ကပ်မည်”
02 Oct
ယခုအောက်တိုဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော ၅၆ စင်း ဝင်ရောက်ဆိုက်ကပ်ရန် ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်လာသည်နှင့်အမျှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော စုစုပေါင်း ၄၆၁ စင်း ဝင်ရောက်ဆိုက်ကပ် ခဲ့ပြီး အောက်တိုဘာလအတွင်း နောက်ထပ် ၅၆ စင်း ဝင်ရောက်ဆိုက်ကပ်ရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်ဆိပ်ကမ်းဧရိယာမှာ အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတံတား ၂၇ ခုနှင့် သီလဝါအပြင်ဆိပ်ကမ်းဧရိယာမှာ ဆိပ်ကမ်းတံတား ၁၉ ခုရှိပြီး စုစုပေါင်း ဆိပ်ကမ်းတံတား ၄၆ ခုဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)
02 Oct