“အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို Zero Tolerance မူဝါဒဖြင့်နှိမ်နင်းလျက်ရှိ”

02 Oct

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍မရသော ရာဇဝတ်မှုများအဖြစ်သတ်မှတ် ပြီး Zero Tolerance မူဝါဒဖြင့်နှိမ်နင်းလျက်ရှိသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အွန်လိုင်းလောင်းကစားမှုများက ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်စေနိုင်၍ အွန်လိုင်းလိမ်လည်မှု နည်းလမ်းများနှင့် အန္တရာယ်များကို ပြည်သူများသိရှိနားလည်စေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး ပြစ်မှု ကျူးလွန်သူများကို ထိရောက်သောအရေးယူမှုများပြုလုပ်ရန် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှာပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်း လုပ်ကိုင်တဲ့ နေရာများဖော်ထုတ်အရေးယူဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်အထိ ၇၆,၄၈၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ၇၃,၂၅၈ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်း ပေးခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ တပ်မတော်နှင့်ပူးပေါင်းပြီး KK Park ရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော လူနေအဆောက်အအုံများအပါအဝင် အဆောက်အဦ ၆၃၅ လုံးကိုရာနှုန်းပြည့် မိုင်းခွဲဖြိုချဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အဦ ၇၇ လုံးကို စိစစ်ဖော်ထုတ်ပြီး ရာနှုန်းပြည့် ဖြိုချဖျက်ဆီး ရှင်းလင်းပြီးဖြစ်ရာ ရဲတပ်ဖွဲ့အတွက်ကြီးမားသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ က ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .