“အီရတ်မှ အမေရိကန်ထွက်ခွာမှု သမိုင်းဝင်အောင်ပွဲဖြစ်ဟု အီရန်ပြော”

02 Oct

အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ အပြီးသတ်ထွက်ခွာသွားခြင်းသည် အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့ များနှင့် အီရတ်ပြည်သူများအတွက် သမိုင်းဝင်အောင်ပွဲဖြစ်ပြီး အီရတ်အပေါ် ဩဇာလွှမ်းမိုးရန် အမေရိကန်၏ ကြိုးပမ်းမှုမှာ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း အီရန်နှင့် အီရန်ကျောထောက်နောက်ခံပြု အီရတ်လက်နက်ကိုင်အဖွဲ့များ က ပြောသည်။ အမေရိကန်တပ်ဖွဲ့များက စက်တင်ဘာလ ၃၀ ရက်တွင် အီရတ်မြောက်ပိုင်းအာဘီဒေသမှ နောက် ဆုံးတပ်ဖွဲ့ဝင်များနှင့် စစ်သုံးပစ္စည်းများကိုရုပ်သိမ်းပြီး အီရတ်အတွင်း ၁၂ နှစ်ကြာပြုလုပ်သည့် IS တိုက်ဖျက်မှု စစ်ဆင်ရေးကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါထွက်ခွာမှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်နှင့်အီရတ်တို့ သဘောတူခဲ့သည့် အဆင့်လိုက် တပ်ရုပ်သိမ်းရေးအစီအစဉ်အရ လုပ်ဆောင်ခြင်းဖြစ်သည်။ အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ အမီရာဟာယတ် မိုကဒမ်က အမေရိကန်တပ်များ ထွက်ခွာပြီးနောက် အီရတ်တွင် လုံခြုံရေးနှင့် တည်ငြိမ်မှု ပိုမိုခိုင်မာလာမည်ဟု ပြောသည်။ အလားတူ အီရန်နှင့်နီးစပ်သည့် အီရတ်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ခေါင်းဆောင် အဘူမိုဂျတာဘာ အယ်လယာဆီရီကလည်း အမေရိကန်တပ်များ၏ ထွက်ခွာမှုကို သမိုင်းဝင်အောင်ပွဲနှင့် အမေရိကန်စီမံကိန်း၏ ဆုံးရှုံးမှုဟုခေါ်ဆိုထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Oct

ADVERTISE HERE .