“အမေရိကန်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့တဲ့ မားသိစ်အောလ်ဘတ်”
01 Oct
ဒေါ့မွန်အသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမား မားသိစ်အောလ်ဘတ် ဟာ အမေရိကန် လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ မားသိစ်အောလ်ဘတ် ဟာ ချီလီအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် နောက်ဆုံးဂိုး သွင်းယူပြီး စံချိန်မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မားသိစ်အောလ်ဘတ် ဟာ အသက် ၁၇ နှစ်၊ ၁၃၁ ရက်အရွယ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဝါရင့်တိုက်စစ်မှူး ပူလီဆစ်ရဲ့ ၁၇ နှစ်၊ ၂၅၃ ရက် စံချိန်ကို ကျော်ဖြတ်ပြီး အမေရိကန်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ ချီလီနဲ့ပွဲမှာ အမေရိကန်နည်းပြ ပိုချက်တီနို အသုံးပြုခဲ့တဲ့ ပွဲထွက်ကစားသမား ၁၁ ဦးရဲ့ ပျမ်းမျှအသက်က ၂၃ နှစ်နဲ့ ၂၅ ရက်သာရှိသာကြောင့် သူ့လက်ထက်မှာ အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ မားသိစ်အောလ်ဘတ်ကတော့ ပွဲချိန် ၇၉ မိနစ်မှာမှ လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး နာကျင်အချိန်ပိုမှာ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။ မားသိစ်အောလ်ဘတ်ဟာ အခုနိုင်ငံတကာရက်သတ္တပတ်မှာမှ လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ် ခံခဲ့ရတာဖြစ်ပြီး ပီရူးနဲ့ပွဲမှာ လက်ရွေးစင်ကစားသမားဘဝကို လူစားဝင်ကစားကာ အစပြုနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)