“ပွဲ ၄၀ ဆက်တိုက် ရှုံးပွဲမရှိတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ စပိန်အသင်း”
01 Oct
စပိန်အသင်းဟာ လက်ရွေးစင်အသင်းတွေထဲမှာ ပွဲ ၄၀ ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်တဲ့ ပထမဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ စပိန်အသင်းဟာ ခရိုအေးရှားနဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိကာ ပွဲ ၄၀ ဆက်တိုက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ စပိန်အသင်းဟာ ၂၀၂၄ ခုနှစ် မတ်လက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကိုလံဘီယာအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲမရှိတော့တာဖြစ်ပြီး ပွဲ ၄၀ မှာ ၃၁ ပွဲအနိုင်ရပြီး ၉ ပွဲ သရေ ဖြစ်ပေါ်ခဲ့ပါတယ်။ စပိန်အသင်းဟာ ဒီကာလအတွင်း ယူရို-၂၀၂၄ ချန်ပီယံဆုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပြီး ၂၀၂၅ Nations League ပြိုင်ပွဲမှာ ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ပါတယ်။ (NVS 008)
01 Oct